အမေးများသောမေးခွန်းများ

 

မေး ။ ဆိုင်က Online Only လား၊ အပြင်မှာကောဆိုင်ရှိပါသလား?

ဖြေ ။ ရှိပါတယ်။

ဆိုင် (၁) - အမှတ် (၂၉ ၆/၆), ရွှေတိဂုံဘုရားလမ်းနှင့် နဝဒေးလမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Ph : 09 7749 888 25

ဆိုင် (၂) – A-402, 4TH FLOOR, JEWELLERY MALL, TIMES CITY.

Ph : 09 7749 888 35

 

မေး ။ Online မှ ဘယ်လိုဝယ်ယူရပါမလဲ ?

ဖြေ ။ လောလောဆယ် Online မှ ဝယ်ယူလိုပါက မိမိလိုချင်သောပစည်းအား Screenshot (သို့) Item နာမည်အား မှတ်သား၍ ဖော်ပြပါ ဖုန်းနံပတ်များသို့ Viber (သို့) Messenger (သို့) ဖုန်းခေါ်ဆို၍ မေးမြန်းဝယ်ယူနိုင်ပါသည်။ ၅သောင်းဖိုးနှင့်အထက်မှာယူသော Customer များအား အိမ်အရောက် (သို့) ကားဂိတ်အရောက် Delivery ခ Free ဖြင့် ပို့ဆောင်ပေးပါသည်။

 

မေး ။ Online မှ ဝယ်ယူမှူအတွက် ငွေဘယ်လိုပေးချေရပါမလဲ ?

ဖြေ ။ လက်ရှိအချိန်တွင် Online မှဝယ်ယူမှူအတွက် ငွေအပြည့်အဝပေးချေရန်လိုအပ်ပါသည်။ ငွေပေးချေရန် သက်ဆိုင်ရာစာမျက်နှာတွင် Banking Information များဖြင့် ဖော်ပြထားပါသည်။

 

မေး ။ ငွေပေးချေပြီးပါက ဘယ်လောက်အကြာတွင် ပစည်းပို့ပေးပါသလဲ ?

ဖြေ ။ ငွေပေးချေပြီးကြောင်းလက်ခံပြေစာအား Viber (or) Messenger မှ ပေးပို့ပြီးပါက ချက်ချင်း Delivery အပ်ပေးနိုင်ရန် ကြိုးစားပေးပါသည်။

 

မေး ။ Delivery အနေဖြင့် အချိန်ဘယ်လောက်ယူပါသလဲ ?

ဖြေ ။ မိမိတို့ဆိုင်အနေဖြင့် ယုံကြည်စိတ်ချပြီးမြန်ဆန်သည့် ဝန်ဆောင်မှုပေးနိုင်သော Delivery များဖြင့်သာ ချိတ်ဆက် ပို့ဆောင်ပေးမည်ဖြစ်သောကြောင့် ရန်ကုန်မြို့တွင်းအား နေ့လည် ၂ နာရီမတိုင်ခင်မှာယူပါက နောက်တရက် ရောက်ရှိနိုင်အောင်လည်းကောင်း၊ နယ်မြို့များအား သက်ဆိုင်ရာ Delivery အလိုက် ကြာချိန်များကို Customer အား ကြိုတင်အသိပေးအပ်မည် ဖြစ်ပါသည်။

 

မေး ။ Cash On Delivery (C.O.D.) ရနိုင်ပါသလား ?

ဖြေ ။ လောလောဆယ်တွင် Cash On Delivery Service မရရှိနိုင်သေးပါ။

 

မေး ။ ဝယ်ယူထားသောပစည်းအား ပြန်လည် လဲလှယ် (သို့) ငွေပြန်အမ်းပေးပါလား ?

 ဖြေ ။ The White House အနေဖြင့် လက်ရှိအချိန်တွင် ဝယ်ယူထားသောပစည်းအား ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ပြန်လည်လဲလှယ် (သို့) ငွေပြန်အမ်းခြင်းမျိုး ပြုလုပ်မပေးပါ။ ဝယ်ယူသူအနေဖြင့် မိမိဝယ်ယူလိုသော ပစည်းနှင့် ပတ်သက်၍ သိလိုသောအကြောင်းအရာများကို ပစည်းမဝယ်ယူမီ စိတ်ကြိုက် မေးမြန်းအတည်ပြုချက်ရယူနိုင်ပါသည်။ မိမိစိတ်ကြိုက်မေးမြန်းပြီး ဝယ်ယူထားသော ပစည်းများအား ပြန်လည် လဲလှယ် (သို့) ငွေပြန်မအမ်းပေးပါ။ တစုံတရာ အငြင်းပွားဖွယ် ဖြစ်ပေါ်လာပါက The White House Branded Collections မှ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

 

မေး ။ Delivery လာရောက်စဥ်ပျက်စီးမှုတစုံတရာ ရှိပါက မည်သို့ပြုလုပ်ရပါမလဲ ?

ဖြေ ။ Customer များအနေဖြင့် မိမိဝယ်ယူထားသော ပစည်းများကို Delivery လာပို့စဥ် စစ်ဆေးပြီး တစုံတရာ ချွတ်ယွင်းမှုရှိပါက ၁ နာရီအတွင်း ဆိုင်သို့အကြောင်းကြားရပါမည်။ ၁ နာရီကျော်လွန်ပြီးမှ ဖြစ်ပေါ်လာသော ပြဿနာတစုံတရာအား ဆိုင်မှ တာဝန်ယူဖြေရှင်း ပေးမည်မဟုတ်ပါ။

 

မေး ။ High-End Brands များဆိုင်တွင် ရောင်းချပါသလား?

ဖြေ ။ High-End Brands များဖြစ်သော (Hermes, Chanel, Dior, Louis Vuitton, Gucci, Prada, YSL, Burberry, Salvatore Ferragamo, Fendi, Mont Blanc, etc….) များကို Pre-Order စနစ်ဖြင့်သာ မှာယူပေးပါသည်။ မှာယူချင်သူများအနေဖြင့် မှာယူချင်သော Item ကို Website Link (သို့) Screenshot ဖြင့် ပြသ၍ Item Availability ကို မေးမြန်းနိုင်ပါသည်။ ဆိုင်ဘက်မှ မှာယူရန်ပစည်းအဆင်သင့်ရှိသည်ဆိုလျှင် ရန်ကုန်အရောက် ကျသင့်ငွေ စုစုပေါင်း၊ အချိန်မည်မျှကြာမည်ကို Customer အား အကြောင်းပြန်ပေးပါမည်။ Customer သဘောတူပါက Confirm လုပ်သည့်နေ့တွင် Deposit 50% အားလည်းကောင်း၊ ပစည်းရောက်ရှိအပ်နှံသည့်နေ့တွင် ကျန်ငွေ 50% အား လည်းကောင်း ပေးချေရပါမည်။

 

မေး ။ Promotion တို့၊ Sales တို့ ရှိပါသလား?

ဖြေ ။ The White House Branded Collections အနေဖြင့် အခါအားလျော်စွာ Promotion, Sales များ ချထားပေးပါတယ်။ အထူးသဖြင့် အခါကြီး ရက်ကြီးများ၊ ရာသီအလိုက်ပွဲတော်များမှာလဲ Promotion, Sales ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် ပစည်းစျေးနှုန်းများမှာ Promotion, Sales ချစရာမလိုအောင် သက်သက်သာသာ ရောင်းချပေးထားပါတယ်။ နောင်တွင်လည်း Online Channel များမှတဆင့် Exclusive Offers များ ချထားပေးရန် အစီအစဥ်များစွာရှိပါတယ်။